PROVEN INTERNATIONAL CO.,LTD

No (K8,K9), Thiriyadnar Retails & Wholesales Market, North Okkalapa Township, Yangon, Myanmar.

+959 9 7621 4401
+959 9 7621 4402

Manual အတွက်ဆိုင်ကယ်ဆီ ဘယ်နှစ်မျိုး ရှိလဲ

Manaul အတွက် ဆိုင်ကယ်ဆီ (၂) မျိုး ရှိပါတယ် ၊ Multi Grade ရယ် ၊ Mono Grade ရယ် ၊ Multi Grade မှာက 20W-50 Power 4T နှင့် Mono Grade မှာတော့ SAE 40 Sport Pro 4T ပါ

အင်ဂျင်ဝိုင်က ကီလို ဘယ်လောက်လောက်ထိ သုံးလို့ရလဲ

အင်ဂျင်ဝိုင်တွေက ကီလို (၅၀၀၀) အထိ အသုံးပြုလို့ ရနိုင်ပါတယ်

ဘယ်ကားအတွက် အင်ဂျင်ဝိုင် အသုံးပြုလို့ ရနိုင်ပါလဲ

ကားကီလို ပေါ် မူတည်ပြီး အင်ဂျင်ဝိုင် grade ကို လိုက်ပြီး အသုံးပြုလို့ ရပါတယ် ၊ ကားကီလို တချက် စစ်ပေးပါ

customer စျေးနှုန်းနှင့် Promotion မေးမြန်းလာသည့်အခါ ဖြေကြားရန်

Aisin 10W-40 က (xxxxx) စျေးဖြစ်ပါတယ် ၊ ကုမ္ပဏီ တိုက်ရိုက်စျေးဖြစ်နေတဲ့ အတွက် ဆိုင်ရောင်းစျေးတွေနဲ့တော့ စျေးနှုန်း ကွာခြားမှု ရှိနိုင်ပါတယ်

မိမိကားအတွက် သုံးမယ်ဆို နီးစပ်ရာ ဆိုင်ကို လမ်းညွှန်ပေးပါမယ်

ပြန်လည်ရောင်းချဖို့ အတွက်ဆို အရောင်းဌာနဖက်ကို ဆက်သွယ်ပေးပါမယ် ၊ လူကြီးမင်း၏ ဖုန်းနံပါတ် ချန်ထားပေးခဲ့လို့ အဆင်ပြေပါသလား

ကားအင်ဂျင်ဝိုင်ကို ဆိုင်ကယ်မှာ အသုံးပြုလို့ ရနိုင်ပါသလား

အင်ဂျင်ဝိုင် ထုတ်လုပ်ထားတဲ့ ပုံစံ မတူလို့ ၊ ကားအင်ဂျင်ဝိုင်ကို ဆိုင်ကယ်ထဲမှာ ထည့် မသုံးတာ အကောင်းဆုံးပါပဲ ၊ ဆိုင်ကယ်အတွက်ဆို ဆိုင်ကယ်အင်ဂျင်ဝိုင်ကို သုံးပေးပါ

သံပုံး နဲ့ ကော်ပုံး ဘာကွာလဲ

Proven International က ရောင်းချပေးတဲ့ သံပုံးက SP Grade ဖြစ်ပြီးတော့ ၊ ကော်ပုံးက SN Plus Grade ဖြစ်ပါတယ် ၊ သံပုံးက Grade ပိုမြင့်ပါတယ်

Manual အတွက် ဆိုင်ကယ် အင်ဂျင်ဝိုင် ဘယ်နှစ်မျိုး ရှိလဲ

Manual ဆိုင်ကယ်အတွက် Multi Grade နှင့် Mono Grade (၂) မျိုး ရှိပါတယ် ၊ Power 4T SAE 20W-50 က Multi Grade အတွက် ဖြစ်ပြီး ၊ Sport Pro 4T SAE 40 က Mono Grade ဖြစ်ပါတယ်

Auto ဘီးတွေ အတွက်ရော ?

Auto ဘီးတွေ အတွက်ဆို SAE 10W-30 / 10W-40 (၂) မျိုး ရှိပါတယ် ၊ SAE 10W-30 က ဘီးအသစ်တွေ အတွက် ဖြစ်ပြီး ၊ ကီလို (၁) သိန်းကျော် ဆိုရင် 10W-40 အသုံးပြုသင့်ပါတယ်

10W-40 / 5W-30 / 5W-40 တွေက ဘယ်လို ကွာတာလဲ

ကားအပူချိန်မြင့်တက်လာတဲ့ အခါမှာ ဆီသားရဲ့ အထူအပါးကို ဆိုလိုခြင်းဖြစ်ပါသည် ။ W နောက်က 30/40 တွေက ကားအပူချိန်မြင့်တက်လာတဲ့ အခါ ဆီသားရဲ့ အထူအပါးကို ဆိုလိုခြင်းဖြစ်ပါသည်

အင်ဂျင်ကျနေတဲ့ ကား ၊ ရုန်းဆွဲအားကျနေတဲ့ ကားတွေ ဘယ် grade ကို သုံးသင့်လဲ

အင်ဂျင်ကိုတော့ ပထမ ဦးစွာ စစ်ဆေးပေးဖို့ လိုပါတယ် ၊ အင်ဂျင်ဝိုင်တစ်ခုတည်းကြောင့်လား အခြားသော အစိတ်အပိုင်းတွေကြောင့်လား ဆိုတာကို ၊ ကီလိုများလာတဲ့ ကားတွေ ကီလို (၂) သိန်းကျော်တွေဆိုရင် 20W-50 ကို အသုံးပြုသင့်ပါတယ်

တွဲကားတွေမျာ ဘယ်လို ဆီ grade အသုံးပြုသင့်လဲ

Heavy Duty truck တွေအတွက်ဆိုရင် CI-4 Grade ကို အသုံးပြုသင့်ပါတယ်

SAE 40 က လယ်ယာသုံးအပြင် ဘယ်မှာ သုံးလို့ ရသေးလဲ

SAE 40 က လယ်ယာသုံးအပြင် တစ်လုံးထိုးမီးစက် ၊ စက်လှေတွေမှာပါ အသုံးပြုလို့ ရနိုင်ပါတယ်

မီးစက်တွေအတွက်ရော သုံးလို့ ရလား

မီးစက်တွေ အတွက်ဆို ဓါတ်ဆီ မီးစက်လား ၊ ဒီဇယ်မီးစက်လား ဆိုတာ အယင်ကြည့်ရပါမယ် ၊ ဓါတ်ဆီ ဆိုရင် ဓါတ်ဆီအင်ဂျင်ဝိုင် ၊ ဒီဇယ်ဆိုရင် ဒီဇယ်အင်ဂျင်ဝိုင်ကို အသုံးပြုလို့ ရပါတယ်